Archive for February, 2010

VIDEO NEWS – VOA

February 26, 2010

ဒေါ်စု အယူခံပြင်ဆင်မှု လျှောက်လဲချက် ပယ်ချခံရ

26 February 2010

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် နေအိမ်အကျယ်ချုပ် ချမှတ်ထားတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ အကျိုးဆောင် ရှေ့နေတွေဘက်က တင်သွင်းခဲ့တဲ့ ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်ထားချက်ကို ဒီကနေ့မှာ ဗဟိုတရားရုံးက ပယ်ချလိုက်ပါတယ်။ ဘာကြောင့် အခုလို ပယ်ချခဲ့တာလဲဆိုတာကို ဗဟိုတရားရုံးက ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြစ်မှုတစုံတရာ ကျူးလွန်မှုမရှိကြောင်းနဲ့ ဒီအမှုအတွက် အထူး အယူခံတင်သွင်းဖို့ ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြပါတယ်။

ရန်ကုန် သံသယဖြစ်ဘွယ် မီးလောင်မှုများ

24 February 2010

မြန်မာနိုင်ငံအတွင်း အထူးသဖြင့် ရန်ကုန်မြို့မှာ မကြာခဏ ဖြစ်ပွားတဲ့ မီးလောင်ကျွမ်းမှုတွေဟာ လျပ်စစ်မီးမကြာ ခဏပျက်တဲ့အတွက် နောက်ဆက်တွဲ အကျိုးဆက်တွေဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ဖယောင်းတိုင်းမီးတွေနဲ့ မီးသွေးမီးဖိုတွေ အသုံးပြုရတဲ့အတွက် မတော်မဆ မီးလောင်ကျွမ်းမှုတွေ ပိုများလာတာလို့ ပြောပါတယ်။ တချိန်တည်းမှာ မီးလောင်ကျွမ်းမှုတွေဟာ သွေးရိုးသားရိုး လောင်တာမှ ဟုတ်ပါ့မလားဆိုပြီး စိုးရိမ်မှုနဲ့ သံသယ ဖြစ်တာတွေလည်း ရှိနေပါတယ်။ အကြောင်းစုံကို မနော်ရှိုးက တင်ပြထားပါတယ်။

Advertisements