Archive for March, 2010

ဟေတီ ရံပုံငွေ မြန်မာ့ ဂီတဖျော်ဖြေပွဲ

March 3, 2010

ဟေတီ ရံပုံငွေ မြန်မာ့ ဂီတဖျော်ဖြေပွဲ

25 February 2010

မကြာခင် မိုးရာသီ ရောက်တော့မှာမို့ ဟေတီနိုင်ငံက ငလျင်ဘေးသင့်ဒုက္ခသည်တွေ အခြေချပြန်လည် နေထိုင်နိုင်ဖို့နဲ့ ရောဂါဘယတွေ ကင်းရှင်းဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်း အကူအညီတွေ အချိန်မှီ ပေးပိုနိုင်ဖို့ အထူးကြိုးပမ်း လုပ်ဆောင်နေကြပါတယ်။ ဒီလို ဟေတီနိုင်ငံငလျင် ရံပုံငွေအတွက် အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်မြို့တော်တ၀ိုက်က မြန်မာမိသားစုတွေ ကလည်း ဂီတဖျော်ဖြေပွဲတခု ကျင်းပပြီး ရံပုံငွေ ရှာခဲ့ကြပါတယ်။ အကြောင်းစုံကို မအေးသန္တာကျော်, က တင်ပြပေးထားပါတယ်။

VDO NEWS – VOA

March 3, 2010

တိဘက်၊ မြန်မာ သံဃာနဲ့ အကြမ်းမဖက် လှုပ်ရှားမှု
02 March 2010

မကြာသေးခင်က အမေရိကန်ပြည်ထောင်စုကို ရောက်လာခဲ့တဲ့ တိဘက် ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမား (Dalai Lama) ကို အကြမ်းမဖက်ရေးလှုပ်ရှားမှုရဲ့ သင်္ကေတတခုအဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံသားအဖြစ် အမေရိကန်နိုင်ငံသူ နိုင်ငံသားတွေက လေးစားကြပါတယ်။ တိဘက် သံဃာ့လှုပ်ရှားမှုအကြောင်း ပြောဆိုကြတဲ့အခါ မြန်မာနိုင်ငံက သံဃာ့လှုပ်ရှားမှုနဲ့ ယှဉ်တွဲပြောဆိုကြသလို ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ပတ်သက်လို့ ပြောဆိုတဲ့အခါမှာလည်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းပြောဆိုကြပါတယ်။ တိဘက်နဲ့ မြန်မာ့အရေး လှုပ်ရှားမှုတွေအကြောင်း မအေးသန္တာကျော်က တင်ပြထားပါတယ်။